ကျွန်တော့်ရဲ့ PC မှာ on board VGA ကို သုံးနေတာကနေပြီး 128Mb nVidia Geforce 7100GS အမျိုးအစား VGA ကဒ်လေးဝယ်ပြီး အစားထိုးလိုက်တာမှာ ပြဿနာစတော့တာပါပဲ။ new hardware ကြောင့် X server မ run နိုင်တော့ပဲ graphic mode ကို မမြင်ရဖြစ်သွားပါတယ်။ ဒီ ပြဿနာကို အောက်ပါ command နဲ့ ဖြေရှင်း နိုင်ခဲ့ပါတယ် -
# XFree86 -configure
ဒီ command ကို run လိုက်တဲ့အခါမှာ VGA card + monitor + keyboard + mouse အစရှိတဲ့ device တွေရဲ့ အချက်အလက်တွေကို auto detach လုပ်ပြီး “/root ” directory ထဲမှာ “xorg.conf.new” အမည်နဲ့ save ပေးပါတယ်။ အခုရလာတဲ့ ဖိုင်ကို မူလ “/etc/X11″ ထဲမှာ ရှိနေတဲ့ “xrog.conf” ဖိုင်နဲ့ အစားထိုးလိုက်တဲ့အခါ X server ပြန်ပြီး အလုပ်လုပ်သွားပါတော့တယ်။

















