Bootloader “Grub” problems!!!
Dual Os(Windows XP + Linux) သုံးတဲ့ သူတွေမှာ တွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုပါ။ OS နှစ်ခု သုံးနေရာကနေပြီး အကြောင်းအမျိုးမျိုးကြောင့် Windows XP ကို ပြန်ပြီး install လုပ်တဲ့ အခါမှာ ဒီပြဿနာပေါ်လာရတော့တာပါပဲ။ အကြောင်းအရင်းကတော့ ဒီလိုပါ။ HDD ရဲ့ ပထမဆုံး boot sector ဖြစ်တဲ့ MBR (Master Boot Record) ထဲမှာ Linux ကအသုံးပြုတဲ့ boot loader “Grub” (lilo ကို လည်း သုံးလို့ရပါတယ်) ကို install လုပ်ထားပါတယ်။ ကျွန်တော်တို့က Windows XP ကို ပြန်ပြီး အသစ် install လုပ်လိုက်တဲ့အခါမှာ “C:\” partition ကို format လုပ်လိုက်တာကြောင့် ဒီ Grub (boot loader) ဖိုင်လေးပါသွားပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ hard disk ထဲမှာ linux partition ရှိနေပေမယ့်လည်း Boot loader မရှိတော့တဲ့အတွက် System ကို boot လုပ်ပေမယ့် grub မတက်လာတော့ပဲ linux ကို ၀င်မရဖြစ်ကြရတာပါ။ ဒီ problem အတွက် solution ကို method (2)မျိုးနဲ့ ဖော်ပြလိုက်ပါတယ်။ အဆင်ပြေသလို အသုံးပြုကြပါ။
Method – 1
ပထမဆုံး grub boot floppy လုပ်ဖို့ လိုအပ်ပါတယ်။
Making Grub boot floppy
ကျွန်တော်ကတော့ Explore2fs အကူအညီနဲ့ Windows ထဲကိုဝင်ပြီး Linux partition ထဲက /boot/grub/* အောက်မှာရှိတဲ့ file တွေ အားလုံးကို copy လုပ်ယူပါတယ်။ အဲဒီ့က ရရှိလာတဲ့ ဖိုင်တွေကို ယူပြီး linux run နေတဲ့ အခြား PC တစ်ခုခုမှာ အောက်ပါအတိုင်းလုပ်ပါ -
- # mkfs -V -t msdos /dev/fd0
- # mount /dev/fd0 /mnt/floppy
- # mkdir -p /mnt/floppy/boot/grub
- # cp (ကျွန်တော်တို့ copy ယူခဲ့တဲ့ ဖိုင်များ) /mnt/floppy/boot/grub
- # grub
grub> root (fd0)
grub> setup (fd0) (grub ကို floppy မှာ setup လုပ်တာဖြစ်ပါတယ်)
grub> quit
- CMOS ထဲဝင်ပြီး floppy ကို first boot လုပ်ပါ။
- Floppy ထည့်ပြီး စက်ကို ဖွင့်လိုက်ပါ(Power On)။ (grub အလုပ်လုပ်ပြီး linux ထဲကို ၀င်သွားပါလိမ့်မယ်)
- # grub
Method – 2
- Linux live CD တစ်ခုခုကို အသုံးပြုပြီး Linux ကို boot လုပ်ပါ။
- # grub
grub> find /boot/grub/stage1
Uninstall “grub” from MBR
Linux partition ကို windows ကနေပြီး format လုပ်တဲ့ သူတွေ တွေ့ရတဲ့ပြဿနာတစ်ခုပါ။ Linux partition ကို delete လုပ်ပစ်လိုက်ပေမယ့်လည်း MBR ထဲမှာ boot loader “grub” က ရှိနေသေးတဲ့အတွက် boot လုပ်တဲ့ အကြိမ်တိုင်းမှာ grub က အမြဲ တက်နေပါတယ်။ ဒီအခါမှာ grub ကို uninstall လုပ်တဲ့ နည်းကတော့ ဒီလိုပါ -
Using boot floppy
# fdisk /newmbr
Using Windows XP CD
- Boot from windows CD
- press “R” to repair mode
- choose “1″ and type administrator password (password ပေးမထားရင် blank အတိုင်း Enter ခေါက်ပါ)
- type in command prompt “C:\ fixmbr”
- to confirm type “y”
အောင်မြင်စွာ ပြီးဆုံးပါပြီ။ ပျော်ရွှင်နိုင်ပါစေ။