-
ကျွန်တော်ဆိုတာ ၁၉၈၀ ရဲ့ အင်္ဂါနေ့တစ်နေ့မှာ လူဖြစ်ခွင့်ရလာတဲ့ လူတွေထဲက လူတစ်ယောက်၊ ငယ်ငယ်ကတည်းက တပ်အပေါ်မှာ ရူးသွပ်မိတဲ့ ဗီဇတစ်ခုပါလာတဲ့ စစ်သားတွေထဲက စစ်သားတစ်ယောက်၊ အမိစစ်တက္ကသိုလ်ရဲ့ (၄၃)ယောက်မြောက် သားတွေထဲက အမေ့ကိုချစ်တဲ့ သားတစ်ယောက်ပါ။
-
ဘ၀နာပြီး ကိုယ့်ထူးကိုယ်ချွန်ခဲ့တဲ့ မိသားစုက ဆင်ပေးလိုက်တဲ့ အမွေး၊ အတောင်တွေနဲ့ အပြောကျယ်တဲ့ ဘ၀ပင်လယ်ထဲမှာ ကျွန်တော် ၀ဲပျံနေတယ်။
-
ခွေးတစ်ကောင်ရဲ့ သခင်အပေါ်မှာ သစ္စာစောင့်သိ ရိုသေမှုကို လေးစားတန်ဖိုးထားတယ်။
-
ဗီယက်နမ်လူမျိုးတွေရဲ့ စည်းလုံးညီညွတ်သော မျိုးချစ်စိတ်ဓါတ်၊ ဆာမူရိုင်းတွေရဲ့ ရဲရင့် တည်ကြည် ပြတ်သားတဲ့ စိတ်ဓါတ်တွေကို အထူးအားကျ လေးစားတယ်။
-
Chelsea အသင်းကို အားပေးတယ်။ Jose Mourinho ဟာ ကျွန်တော်လေးစားတဲ့ သူရဲကောင်း (ဘောလုံးပွဲ ရှုထောင့်တစ်ခုတည်းကြောင့် မဟုတ်)။
-
လက်ခံလို့ရတဲ့ မည်သည့်ဂီတ အမျိုးအစားကိုမဆို အဆိုတော် ကြီး၊ ငယ် မရွေး နားထောင်တယ်။
-
အားနည်းတဲ့သူကို ကူညီဖို့နဲ့ လိုအပ်ရင်သူ့ဘက်မှာ ရပ်တည်ပေးဖို့ အမြဲအသင့် ရှိနေတယ်။
-
အရာရာကို ရိုးရိုးရှင်းရှင်းပဲတွေးပြီး လက်တွေ့ကျကျ ခံစားနားလည်တတ်တယ်။
January 26, 2009 at 2:09 pm
girl shower naked nude butt