Military Life!!!
စစ်သားတစ်ယောက်ဖြစ်နေတဲ့ ကျွန်တော့်အတွက် ကွန်ပျူတာ တစ်လုံးပိုက်ပြီး Information Technology ဆိုတဲ့ ပတ်ဝန်းကျင်တစ်ခုတည်းမှာ အသက်မွေးလို့ မရနိုင်တာကြောင့် ကျွန်တော်ဟာ နူးညံ့ချင်ပေမယ့်လည်း တစ်ခါတစ်ရံမှာ ကြမ်းတမ်းတဲ့ ပုံရိပ်တွေကို rhythm မှန်မှန်နဲ့ ဖန်းတီးတတ်ခဲ့ပြန်ပါတယ်။ ကျွန်တော့် professional ကိုက စစ်သားလေဗျာ။ နောက်တစ်ခုက ကျွန်တော်က (၂၁)ရာစုထဲမှာ ဒီ စစ်သား ဆိုတဲ့ professional ကို ရွေးထားမိတာဗျ။ အားလုံးသိကြတဲ့အတိုင်း ဒီကနေ့ အချိန်အခါမှာ သိပ်မြန်လွန်းနေတဲ့ တိုးတက်မှု့ အရှိန်အဟုန်ကို ကျွန်တော်တို့ ပါးစပ်အဟောင်းသားနဲ့ လိုက်နေကြရပြီလေ။ ကျွန်တော်ကတော့ စစ်သားပီပီ စစ်ရေးကိုပဲ အဓိကထားပြီး လေ့လာကြည့်မယ်ဗျာ။ တစ်ချိန်က ခံ၊ ခွာ၊ ချီ၊ တိုက် ဗျူဟာတွေ၊ ကျွန်တော်တို့ နိုင်ငံအတွက် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ တော၊ တောင် လျှိုမြောင်တွေက ပေးထားတဲ့ စစ်ရေးအတွက် သဘာဝ အတားအဆီးတွေ ဆိုတာကလည်း တိုးတက်လာတဲ့ နည်းပညာ ရဲ့ ပံ့ပိုးမှု့တွေကြောင့် တရားသေ ဖတ်တွယ်ထားရင်တော့ အမှားကြီးမှားမယ့် ကိန်းဆိုက်သွားခဲ့ပါပြီ။ ဒီကနေ့ နိုင်ငံတကာရဲ့ စစ်ရေးအခင်းအကျင်းကို လေ့လာကြည့်ရင်လည်း နိုင်ငံအားလုံးဟာ ပြည်ပရဲ့ကျူးကျော်စစ်တွေကို မျှော်လင့်ပြီး သူ့ထက်ငါ ပြင်ဆင်နေတာကို တွေ့ကြရမှာပါ။ အင်အားကြီးတဲ့ နိုင်ငံက အင်အားငယ်တဲ့ နိုင်ငံကို လူ့အခွင့်အရေးချိုးဖောက်တယ်၊ နိုင်ငံတကာ ငြိမ်းချမ်းရေးကို ချိမ်းခြောက်တယ်၊ ဘာသာရေးလွတ်လပ်ခွင့် မရှိဘူး စသည် .. စသည်ဖြင့် မျိုးစုံတဲ့ အကြောင်းပြချက်တွေ ပေးပြီး စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးအရ ချိမ်းခြောက်နေတာ ဒီနေ့ မျက်မှောက်ကာလရဲ့ ပုံရိပ်တွေပါပဲ။ ငြိမ်းချမ်းရေးကို အကြောင်းပြပြီး ငြိမ်းချမ်းရေးတွေ၊ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ ဖျက်ဆီးခံနေရတာလည်း ကျွန်တော်တို့ မျက်စိရှေ့မှာပါပဲ။ သယံဇာတ ပေါကြွယ်ပြီး မဟာဗျူဟာ ကျတဲ့ နေရာမှာ ရောက်နေတဲ့ ကျွန်တော်တို့နိုင်ငံအတွက် ကျွန်တော်တို့ တပ်မတော် အင်အားရှိဖို့ လိုနေတာ အသေအချာပါပဲ။ ဒါ့အပြင် လူဦးရေ ပေါက်ကွဲလုမတတ် ဖြစ်နေတဲ့ အိမ်နီးချင်းတွေနဲ့ အဆမတန် အင်အားကြီး ထွားလာနေတဲ့ တရုတ်၊ အိန္ဒိယတို့ကလည်း ကျွန်တော်တို့ နိုင်ငံအတွက် ဖိအားတွေပါပဲ။ အရှေ့ဘက်က အိမ်နီးချင်းဖြစ်တဲ့ (အမေရိကန်ရဲ့ မဟာမိတ်) ထိုင်းနိုင်ငံကိုလည်း သမိုင်းနဲ့ချီခဲ့တဲ့ အငြှိုးအတေးတွေအတွက် သူတို့ရဲ့ ခြေလှမ်းတွေကို ကျွန်တော်တို့ မျက်ခြေပြတ်လို့ မဖြစ်ပြန်ပါဘူး။ ဒီတော့ ကျွန်တော်တို့တွေ ဘာလုပ်ကြမလဲ …

TOP-10 Combat Rifle (No.2) : M-16
TOP-10 Combat Rifle (No.3) : Lee Enfield No4
TOP-10 Combat Rifle (No.4) : M1 Garand
TOP-10 Combat Rifle (No.5) : FN FAL
TOP-10 Combat Rifle (No.6) : Mauser Model 98k Carbine
TOP-10 Combat Rifle (No.7) : STEYR AUG
TOP-10 Combat Rifle (No.8) : Springfield 1903
TOP-10 Combat Rifle (No.9) : Stg44
TOP-10 Combat Rifle (No.10) : M-14
Compare AK-47 vs M-16
Manufactures of the AK-47
How AK-47 works
AK-47: The best firing power!!!
Iranian Air Defence Systems
Russia S-400 new Air Defence Systems
Greek Air Defence Systems
Talon Mobile Air Defence
Russian Military Assets (Next Generation)
Future Weapons Airborne Laser
How to find a Landmine
1911 Disassembly
Animation of a 1911 pistol’s operation
1911 Re-Assembly Part-1
Glock function
Tactical Pistol Training Techniques 2 (8mm CZ 99)
Tactical shooting with a pistol and AK-47
Redwolf Airsoft – Gamma M33 Claymore Mine User’s Guide
Ultimate COLORED Smoke Boomb
How to make Hot Ice
Make a Emergency light from a Pencil!

















