Just Funny!!!
စိတ်ညစ်နေတဲ့ အချိန်တွေမှာ ကြည့်ဖို့ ဒီ page လေးကို ဖန်တီးထားတာဗျ။ ကျွန်တော့် အထင်ကတော့ စိတ်ညစ်နေတဲ့အချိန်၊ စိတ်ဓါတ်ကျဆင်းနေတဲ့အချိန် တွေဟာ လူတစ်ယောက်အတွက် အားအနည်းဆုံး (weak point) ဖြစ်နေတဲ့ အချိန်လို့မြင်ပါတယ်။ ဒီအချိန်တွေမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ထိုးနှက်ခံလိုက်ရရင် စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ အတော့်ကို ယိမ်းယိုင်သွားမယ့် အခြေအနေရှိပါတယ်။ အဲဒီ့အချိန်တွေမှာ ရောဂါကို ကုစားဖို့ ကိုယ်ပိုင်ဆေးခန်းလေး တစ်ခုကို ဖွင့်ထားတဲ့ သဘောပါပဲ။ ဒီနေရာလေးမှာ ကျွန်တော့်ရဲ့ ရောဂါကို ကိုယ့်ဘာသာကုသတယ်ဗျာ။ မိတ်ဆွေအတွက် အထောက်အကူဖြစ်ခဲ့မယ် ဆိုရင်လည်း ကျွန်တော် ၀မ်းသာနေမှာပါ။ ရယ်ရွှင်ခြင်းဟာ ဘ၀အမောကို ပြေစေပါတယ်။
ဘယ်သူတွေဆိုတာတော့ မသိပါဘူး။ မြန်မာ မဟုတ်တာတော့ သေချာပါတယ်။ ကျွန်တော်တော့ သူတို့ကို ကြည့်ရတာ အရမ်း စိတ်ချမ်းသာရပါတယ်။

















